ANNOUNCEMENTS

Public Co., Ltd ၏

▪ Amata လုပ်ငန်းအုပ်စု၏လုပ်ငန်းများ လျင်မြန်စွာတိုးချဲ့နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ပထမဆုံး Tourism ကုမ္ပဏီအဖြစ် စတော့အိတ်ချိန်းတွင် အမည်စာရင်း တင်သွင်းနိုင်ရန်၊​

▪ မြန်မာနိုင်ငံ၏ မကြာမှီ ဖွံ့ဖြိုးတိုးတက်လာမည့် အနာဂတ်ငွေကြေးဈေးကွက်တွင် ပြည်ပနိုင်ငံသားများအား ရင်းနှီးမြှုပ်နှံခွင့် ရရှိနိုင်တော့မှာဖြစ်တဲ့အတွက် မိမိလုပ်ငန်းစု၏ဂုဏ်သိက္ခာနှင့် လုပ်ငန်းတန်ဖိုး ပိုမိုမြင့်မားလာနိုင်မည်ဖြစ်ခြင်းတို့ကြောင့် Amata Holding Public Co., Ltd ၏ အစုရှယ်ယာသစ်များအား အများပြည်သူသို့ ရောင်းချရခြင်းဖြစ်ပါသည်။​

အစုရှယ်ယာရောင်းချမည့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ​

AYA Trust Securities Co., Ltd.
အမှတ် ၄၁၆၊ မဟာဗန္ဓုလပန်းခြံလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။


CB Securities Co., Ltd.
အမှတ် ၀၃-၀၄၊ Union Financial Center ၊ သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။


KBZ Stirling Coleman Securities Co., Ltd.
Strand Square၊ အမှတ် (၅၃)၊ ကမ်းနားလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။​

KTZ Ruby Hill Securities Co., Ltd.
အမှတ် ၇-၆၊ Union Financial Center ၊ မဟာဗန္ဓုလလမ်းနှင့် သိမ်ဖြူလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။


UAB Securities Company Limited
အမှတ် ၁၀၁၊ မြေညီထပ်၊ The Link Office Tower ၊ ဓမ္မစေတီလမ်းနှင့် လင့်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။​

Amata Holding

အစုရှယ်ယာသစ်များအား အများပြည်သူသို့ရောင်းချရခြင်း ရည်ရွယ်ချက်​

Partnership

with IFC

Grant signing ceremony between United International Group - Amata Hotel Group and IFC, World Bank Group was held in Bagan, at Amata Boutique House on 22nd October 2016.

IFC extends the convertible loan to Amata Hotel Group for the expansion of its hospitality business in Myanmar. Amata Hotel Group will operate its new hotels at two of Myanmar's biggest tourism destinations – Bagan, world-famous for its ancient pagodas, and Inle, home to a biodiversity-rich lake.​

Source:http://www.ifc.org/wps/wcm/connect/CORP_EXT_Content/IFC_External_Corporate_Site/Solutions/Products+and+Services/Equity (23July2018)

အများပြည်သူသို့ ကမ်းလှမ်းရောင်းချခြင်း အနှစ်ချုပ်​

အစုရှယ်ယာများထုတ်ဝေသည့် ကုမ္ပဏီ၏အမည်​

အများပြည်သူသို့ ကမ်းလှမ်းရောင်းချရန် သတ်မှတ်ထားသော ခန့်မှန်းအချိန်ဇယား​

This Environmental and Social Review Summary (ESRS) is prepared and distributed in advance of the AMATA group Board of Directors' consideration of the proposed transaction. Its purpose is to enhance the transparency of IFC's activities, and this document should not be construed as presuming the outcome of the Board of Director's decision. Board dates are estimates only. Any documentation which is attached to this ESRS has been prepared by the project sponsor and authorization has been given for public release. IFC has reviewed this documentation and considers that it is of adequate quality to be released to the public but does not endorse the content.​

Amata  Holding Public Co., Ltd ၏ Public Offering တွင် မှတ်သားဖွယ်ရာများ​

▪ Amata Group အနေဖြင့် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ ခွင့်ပြုချက်ရရှိရန် တည်ဆဲဥပဒေများ၊ တင်းကြပ်သောစစ်ဆေးမှုအဆင့်ဆင့်ကို ခံယူခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၈ရက်နေ့တွင် တရားဝင်ခွင့်ပြုချက်ရရှိခဲ့သော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။▪ Amata Hotel Group သည် အလယ်အလတ်အဆင့်နှင့် အဆင်မြင့်ဟိုတယ်များ၊ မီးပုံးပျံလုပ်ငန်းများကို လည်ပတ်နေပြီး မြန်မာနိုင်ငံအတွင်း ဦးဆောင်လျက်ရှိသော အတွေ့အကြုံ ၁၅နှစ်ကျော်ရှိ အမြတ်အစွန်းများရရှိနေသော ဟိုတယ်လုပ်ငန်းအုပ်စုတစ်ခုဖြစ်သည်။▪ အများပိုင်ကုမ္ပဏီအောက်ရှိ ဟိုတယ်လုပ်ငန်းများအပြင် ခရီးသွားလုပ်ငန်း၏ ဆက်စပ်လုပ်ငန်းများဖြစ်သော ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ စားသောက်ဆိုင်နှင့် အဖျော်ယမကာရောင်းချခြင်းလုပ်ငန်း၊ Spa & Wellness Center များဖွင့်လှစ်ခြင်းများအား တိုးချဲ့လုပ်ကိုင်၍ ၃နှစ်မှ ၅နှစ်အတွင်း မြန်မာနိုင်ငံ၏ အကြီးဆုံးခရီးသွားလုပ်ငန်းကုမ္ပဏီအုပ်စုတစ်ခုဖြစ်လာရန် မျှော်မှန်းဆောင်ရွက်နေသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။▪ ကုမ္ပဏီ၏အောင်မြင်လျက်ရှိသော ဟိုတယ်လုပ်ငန်း၏အားသာချက်ကိုရယူ၍ ပြည်ပခရီးသည်များသာမက ပြည်တွင်းခရီးသည်များပါ တည်းခိုနိုင်မည့် ဈေးနှုန်းသက်သာသည့် တန်ဖိုးနည်းဟိုတယ် (Budget Hotel) ၅ခုအား Awinka အမည်ဖြင့် (၂)နှစ်အတွင်း တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။▪ ကုမ္ပဏီ၏လုပ်ငန်းခွဲတစ်ခုဖြစ်သော မြန်မာ့မီးပုံးပျံကုမ္ပဏီ (Myanmar Ballooning Co., Ltd) မှ လွန်ခဲ့သော ၃နှစ်အတွင်း USD 900,000 ကျော်အား အမြတ်ဝေစုအဖြစ် တွက်ပေးခဲ့ပါသည်။ နောင်တွင်လည်း ဆက်လက်တိုးမြှင့်ပေးနိုင်မည်ဟု မျှော်လင့်ပါသည်။​

Amata  Holding Public Co., Ltd အစုရှယ်ယာဝယ်ယူရန် လျှောက်ထားခြင်း​

လျှောက်ထားသူမှ ယူဆောင်လာရန် - ▪ နိုင်ငံသားစိစစ်ရေးကဒ်ပြား မိတ္တူ (လူပုဂ္ဂိုလ်ဖြစ်လျှင်)▪ ကုမ္ပဏီမှတ်ပုံတင် မိတ္တူနှင့် လက်မှတ်ထိုးမည့်သူများ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြား (ကုမ္ပဏီဖြစ်လျှင်)▪ အဖွဲ့အစည်းမှတ်ပုံတင် မိတ္တူနှင့် လက်မှတ်ထိုးမည့်သူများ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြား (အဖွဲ့အစည်းဖြစ်လျှင်) လျှောက်ထားသူသည် ရန်ကုန်မှဖြစ်လျှင် -▪ လျှောက်လွှာပုံစံကို ရယူပါ။ (Amata Holding Public ရုံးခန်း (သို့မဟုတ်) UAB Securities Company Limited, AYA Trust Securities Co., Ltd, CB Securities Co., Ltd, KBZ Stirling Coleman Securities Co., Ltd, KTZ Ruby Hill Securities Co., Ltd. အစရှိသည့် securities companies များနှင့် ချိတ်ဆက်ထားသောဘဏ်များမှ ရယူရန်)▪ ငွေပေးချေပါ။ Purchase PO (Payment Order) ကို securities companies များနှင့် ချိတ်ဆက်ထားသောဘဏ်များမှ ဝယ်ယူရန် (သို့မဟုတ်) လက်ရှိ securities account သို့ ငွေလွှဲရန် လျှောက်လွှာတင်ပါ။ (Amata Holding Public ရုံးခန်း (သို့မဟုတ်) အခြား securities company ရုံးခန်း) သို့ သွားရောက်ပြီး မှတ်ပုံတင်နှင့် ငွေပေးထားကြောင်း အထောက်အထားနှင့်တကွ လျှောက်လွှာတင်ရပါမည်။) လျှောက်ထားသူသည် ရန်ကုန်မှ မဟုတ်လျှင် -▪ လျှောက်လွှာပုံစံကိုရယူပါ။ (Amata Holding Public ရုံးခန်း (သို့မဟုတ်) UAB Securities Company Limited, AYA Trust Securities Co., Ltd, CB Securities Co., Ltd, KBZ Stirling Coleman Securities Co., Ltd, KTZ Ruby Hill Securities Co., Ltd. အစရှိသည့် securities companies များနှင့် ချိတ်ဆက်ထားသောဘဏ်များမှ ရယူရန်)▪ ငွေပေးချေပါ။ Purchase PO (Payment Order) ကို securities companies များနှင့် ချိတ်ဆက်ထားသောဘဏ်များမှ ဝယ်ယူရန် (သို့မဟုတ်) လက်ရှိ securities account သို့ ငွေလွှဲရန် လျှောက်လွှာတင်ပါ။  မှတ်ပုံတင်နှင့် ငွေပေးထားကြောင်း အထောက်အထားနှင့်တကွ စာတိုက်မှ (သို့) အဆင်ပြေသောပို့ဆောင်မှုဖြင့် လျှောက်လွှာတင်ပါ။▪ မနှောင့်နှေးစေရန် Amata Holding (သို့) အခြား securities company များသို့ fax ဖြင့် ပို့ပေးပါ။​

...
...

အစုရှယ်ယာများရောင်းဝယ်ခြင်း

Amata Holding ၏ အစုရှယ်ယာများကို ပြန်ရောင်းခြင်း၊ ဝယ်ယူခြင်းများ ပြုလုပ်လိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။

 

ဆက်သွယ်ရန်ဖုန်း

(+959) 899 044 077, 899 044 088, 899 044 099

Amata Holding Public Co., Ltd မှ ၂၀၁၉ နှစ်သစ်မှာ ပျော်ရွှင်ကြည်နူးကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျာ။

 

Amata Holding wishes you a happy new year 2019.

Tel: (+959) 899 044 077, 899 044 088, 899 044 099​