About Us

Vision

  • We are a leading manager and developer of mid to premium resorts, hotels and spas in Myanmar.
  • Providing our customers with superior quality of services and experiences.
  • Continue to target upcoming markets through our differentiated brands of “Amata” ,“Awinka” and Oriental Ballooning.
  • ကျွန်ုပ်တို့သည် အလယ်အလတ်တန်းမှ အဆင့်မြင့် အပန်းဖြေစခန်းများ၊ ဟိုတယ်များနှင့် Spa များကို တည်ဆောက်ထူထောင်၍ စီမံခန့်ခွဲခြင်းလုပ်ငန်းများကို မြန်မာပြည်တွင် ဉီးဆောင်ဉီးရွက်ပြု၍ လုပ်ကိုင်ဆောင်ရွက်ရန်။
  • ကျွန်ုပ်တို့၏ ဧည့်သည်များအား သာလွန်ကောင်းမွန်သော အရည်အသွေးဖြင့် ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရန်။
  • ကျွန်ုပ်တို့၏မတူညီသော “Amata” ၊ “Awinka” နှင့် Oriental Ballooning အမှတ်တံဆိပ်များမှတစ်ဆင့် ပေါ်ထွက်လာမည့်စျေးကွက်အသစ်ကို ရည်ရွယ်ထားဆောင်ရွက်ရန်။

Mission

  • To develop our domestic presence to grow our resorts and hotels business and diversify our revenue base.
  • To grow our business by increasing the number of resorts and hotels that we manage.
  • To expand and upgrade our existing resorts to achieve increasing return to scale not only that to capture the premium segment of domestic as well as international customer markets.
  • We shall value all the stakeholders and it will create Win-Win situation for business sustainability and we believe our product offerings are associated with Myanmar culture, traditions and luxury.
  • ကျွန်ုပ်တို့အနေဖြင့်ကုမ္ပဏီ၏ ဟိုတယ်နှင့် အပန်းဖြေစခန်း လုပ်ငန်းများတိုးချဲ့ကာ ပြည်တွင်း၌ လုပ်ငန်းခွဲများကိုဖွံ့ဖြိုးစေရန်နှင့်၀င်ငွေရရှိနိုင်သော အခြေခံကောင်းများကိုခြားနားမှုရှိစေရန်။
  • ကျွန်ုပ်တို့စီးပွားရေးကိုကြီးထွားလာစေရန်အတွက် ကျွန်ုပ်တို့စီမံခန့်ခွဲသော ဟိုတယ်နှင့်အပန်းဖြေစခန်းများ အရေအတွက် ကိုတိုးမြှင့်သွားရန်။
  • ပြည်တွင်းပြည်ပရှိ အဆင့်မြင့်စားသုံးသူများကို ဖမ်းဆုပ်နိုင်ရန်အတွက် သာမက ၀င်ငွေပြန်လည် ရရှိမှုတိုးမြင့်လာစေရန်အတွက် ကျွန်ုပ်တို့၏လက်ရှိအပန်းဖြေစခန်းများကို တိုးချဲ့ရန်နှင့် အဆင့်မြင့်ရန်။
  • ကျွန်ုပ်တို့၏ မိတ်ဖက်လုပ်ဖော်ကိုင်ဖက်များ အားလုံးအပေါ်လေးစား တန်ဖိုးထားပြီးရေရှည်တည်တံ့ခိုင်မြဲသော လုပ်ငန်းဖြစ်လာစေရန်ဖန်တီးတည်ဆောက်သွာမည်ဖြစ်ပြီး ကျွန်ုပ်တို့ ပေးအပ်နေသော ၀န်ဆောင်မှုများမှာ မြန်မာ့ရိုးရာ၊ မြန်မာ့ယဉ်ကျေးမှုများနှင့်ဆက်နွှယ်သော အထက်တန်းစား၀န်ဆောင်မှုများဖြစ်ပါသည်။
AMATA Core Values

Goals

Our principal objective is to upgrade upon the “Amata” , to build upon the “Awinka” and to increase the number of balloons and to expand the fly destinations ,upon the “Oriental Ballooning” brands, to create a diversified group of quality resorts and hotels in strategic locations throughout Myanmar and consequently give us many opportunities for our communities to deliver job, social and to intend to be an ethical responsible business group for our stakeholders.

ကျွန်ုပ်တို့၏ အဓိကဉီးတည်ချက်များမှ “Amata” အမှတ်တံဆိပ် အား အဆင့်မြင့်တည်ဆောက်ရန် ၊ “Awinka” အမှတ်တံဆိပ်အားထူထောင်ရန်နှင့် “Oriental Ballooning” အမှတ်တံဆိပ် အား အရေအတွက်တိုးမြှင့်ရန် နှင့်ပျံသန်းမည့်နေရာများကိုချှဲ့ထွင်ရန်၊ မြန်မာနိုင်ငံအနှံ့အပြား၏ ဗျူဟာကျသောနေရာဒေသများတွင် မတူကွဲပြားသောအလယ်အလတ်နှင့် အဆင့်မြင့် အပန်းဖြေစခန်းများနှင့် ဟိုတယ်များကို ဖြန့်ကျက် တည်ဆောက်ပြီး ဒေသခံများ၏ လူမှု့အကျိုးစီးပွားတိုးတက်စေရန် ၊အလုပ်ကိုင်အခွင့်လမ်းများဖန်တီးပေးနိုင်ရန် နှင့် မိတ်ဖက်လုပ်ဖော်ကိုင်ဖက်များအပေါ် ကျင့်ဝတ်သိက္ခာနှင့် တာဝန်ယူမှု့ရှိသောလုပ်ငန်း ဖြစ်လာစေရန် ရည်ရွယ်ပါသည်။

To achieve our Goals
Value creation for Stakeholders
Brands
We intend to continue to develop and increase the value of the “Amata”, “Oriental Ballooning” and upcoming “Awinka” brands. We believe brand awareness, image and loyalty are critical to our ability to achieve and maintain high average occupancy and average room rates, and to support the larger number of resorts, budget hotels, and spas we intend to operate and manage.
  • Our brands and our reputation are among our most important assets. Our ability to attract and retain guests depends in parts, on the public recognition of our brands and their associated reputation.
Business Associates
We will not overcome for every business by ourselves without the support of all the stakeholders who are involved in our business. Therefore, we value and respect our stakeholders.
  • In order to provide high quality services to our customers, we are working with relevant stakeholders to provide high quality food & beverage, products and services. We desire to develop our local societies therefore using local products.
Our Customers Service
Customer satisfaction is the most important thing for us and we try with our quality of services to exceed their expectations. We provide services at the highest level that will meet the needs and expectations of guests and will recognize their requirements through open communication, satisfaction monitoring and analysis of compliments and complaints.
  • We always strive to ensure the safety and satisfaction of our guests. By paying attention to the tips and monitor the satisfaction of our guests, you can not only build a good reputation, but also provide services that meet the needs of your guests and make them want to visit again and again.
  • We measure the quality of our service based on loyal guests, repeated customer and increasing number of visitors.
  • Monitoring customer satisfaction, by analyzing compliments and complaints, you can find out how much our customers are satisfied with our service
Our Human Resources
We create opportunities for our people, improve social communities and we are provided appropriate trainings, and aware of technologies. We are conducted orientation trainings for all new employees and be aware of their rights and responsibilities. They are from different fields but they all have unique ability to contribute our business. We support teamwork, personal responsibility and ability of each employee.
  • Setting standards for better service delivery; in addition to planning to develop the capacity and skills of staff, training is provided in collaboration with external organizations to enhance the employment capacity and skills of local staff and improve services.
Environment
We provide the better environment for the future of our Hospitality Industry and we intended to be an ethical responsible business group driven by the good governance. We are subject to various national and local environment laws, ordinances and regulations relating to the environment which may impose or create significant potential environmental liabilities. We inspired that all of our employees must cooperate and comply with policies and the working environment have to be clean, hygienic and conducive.
  • We believe that our commitment to protecting the environment by following and operating within the terms and conditions of the Ministry of Natural Resource and Environmental Conservation Department our emphasis on corporate social responsibility also enhances the image and reputation of our brands.
  • As an environmentally dependent business in order to reduce environmental pollution as much as possible, the use of natural materials by reducing the use of plastics, reducing electricity consumption, systematic disposal of waste and wastewater can be reduced by recycling it in appropriate places.
ရည်မှန်းချက်များအောင်မြင်ရန်
ရှယ်ယာရှင်များအတွက် ရလဒ်များဖော်ဆောင်ခြင်း
အမှတ်တံဆိပ်များ
ကျွန်ုပ်တို့အနေဖြင့် “Amata”, “Oriental Ballooning” နှင့်ထပ်တိုးလာမည့် “Awinka”ကုန်အမှတ်တံဆိပ်တို့၏တန်ဖိုးကိုပိုမိုမြှင့်တင်ဆောင်ရွက်လိုပါသည်။ ကျွန်ုပ်တို့လုပ်ဆောင်လိုသည့် ဟိုတယ်ကြီးများ၊အပန်းဖြေစခန်းများနှင့် Spa များကိုထောက်ပံ့နိုင်ရန်ပျှမ်းမျှ အခန်းပြည့်ဌားရမ်းနိုင်ရန်၊ ပျှမ်းမျှအခန်း ဌားရမ်းခနှုန်းထားများရရှိနိုင်ရန်နှင့် ယင်းတို့အားထိန်းသိမ်းထားနိုင်ရန်မှာ Amata ကုန်အမှတ်တံဆိပ် အား လူအများသိရှိမှု၊ Amata ၏ပုံရိပ်နှင့် သုံးစွဲသူများအပေါ်သစ္စာရှိမှုတို့မှာ အလွန်အရေးကြီးသည်ဟု ကျွန်ုပ်တို့ယုံကြည်ထားပါသည်။
  • ကျွန်ုပ်တို့၏ကုန်အမှတ်တံဆိပ်များနှင့် ထင်ပေါ်ကျော်ကြားမှုများမှာ ကျွန်ုပ်တို့အတွက်အလွန်အရေးပါသော ပိုင်ဆိုင်မှုများဖြစ်သည်။အများပြည်သူများက ကျွန်ုပ်တို့ကုန်အမှတ်တံဆိပ်များနှင့်ယင်းနှင့်ဆက်နွှယ်နေသောဂုဏ်သတင်း ထင်ပေါ်ကျော်ကြားမှုများကို မှတ်မှတ်ရရရှိနေခြင်းသည် ကျွန်ုပ်တို့၏ဧည့်သည်များကို ဆွဲဆောင်ထားနိုင်စွမ်းရှိသည်ဟူသော ကျွန်ုပ်တို့၏စွမ်းရည်ကို ပြသခြင်းလဲဖြစ်သည်။
မိတ်ဖက်လုပ်ငန်းများ
ကျွန်ုပ်တို့၏လုပ်ငန်းထဲတွင် ပါဝင်ပတ်သက်နေသော မိတ်ဖက်လုပ်ဖော်ကိုင်ဖက်များအားလုံး၏ ပံ့ပိုးကူညီမှုမရှိလျှင် ကျွန်ုပ်တို့၏ လုပ်ငန်းတိုင်းကို အောင်မြင်စွာ ကျော်လွှားနိုင်လိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် မိတ်ဖက်လုပ်ဖော်ကိုင်ဖက်များအားလုံးကို လေးစား တန်ဖိုးထား ပါသည်။
  • ဧည့်သည်တော်များအား အဆင့်တန်းမြင့် ဝန်ဆောင်မှု့များ ပေးအပ်နိုင်ရန်အတွက် သက်ဆိုင်ရာ ပက်သက်ဆက်နွယ်သော လုပ်ငန်းများနှင် ချိတ်ဆက်၍ အရည်သွေးမြင့်ကုန်ပစ္စည်းများ၊ စားသောက်ကုန်များ နှင့် ဝန်ဆောင်မှု့များ ရရှိနိူင်ရန် စီစဉ်ထားပါသည်။ ဒေသထွက်ကုန်များ အသုံးပြု၍ ဒေသခံလူမှု့အဖွဲ့စည်းများကို ဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒ ရှိပါသည်။
ဝန်ဆောင်မှု
ဧည့်သည်များ၏ စိတ်ကျေနပ်မှုသည် ကျွန်ုပ်တို့အတွက် အရေးကြီးဆုံးဖြစ်ပြီး ၎င်းတို့၏မျှော်လင့်ချက်များကို ပြည့်မီရန် ပိုမိုကောင်းမွန်သောဝန်ဆောင်မှု အရည်အသွေးများပေးနိုင်ရန် ကြိုးစားလျက်ရှိပါသည်။ ဧည့်သည်များ၏ လိုအပ်ချက်များနှင့် မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးမည့် အမြင့်ဆုံးအဆင့်ဝန်ဆောင်မှုများကို ပေးဆောင်ပြီးပွင့်လင်းသောဆက်သွယ်မှု၊ ကျေနပ်မှုကို စောင့်ကြည့်ခြင်းနှင့် ချီးကျူးစကားများနှင့် တိုင်ကြားချက်များကိုခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ဧည့်သည်များ၏လိုအပ်ချက်များကို သတ်မှတ်နိုင်မည်ဖြစ်သည်။
  • ဧည့်သည်များ အား လုံခြုံစိတ်ချရပြီး စိတ်ကျေနပ်မှု့ ရရှိရန် အစဉ်ကြိုးစားလျက်ရှိပြီး ဧည့်သည်များ၏ ကျေနပ်မှုကို စောင့်ကြည့်ခြင်း၊ အကြံပြုချက်များအား အလေးထားခြင်းဖြင့် ကောင်းမွန်သောဂုဏ်သတင်းများ တည်ဆောက်နိုင်ရုံသာမက ဧည့်သည်များလိုအပ်ချက်နှင့်ကိုက်ညီသော ဝန်ဆောင်မှု့ပေးအပ်နိုင်ပြီး အကြိမ်ကြိမ်လာရောက် အပန်းဖြေလိုစိတ်ဖြစ်စေပါသည်။
  • သစ္စာရှိသောဧည့်သည်တော်များ၊ ထပ်ခါတလဲလဲလာရောက်သောဧည့်သည်များ နှင့်တိုးတက်လာသော ဧည့်သည်အရေအတွက်ကိုကြည့်၍ ကျွန်ုပ်တို့၏ ဝန်ဆောင်မှု့အရည်အသွေး တိုးတက်မှု့ကို တိုင်းတာပါသည်။
  • ဧည့်သည်များ၏ ကျေနပ်မှုကို စောင့်ကြည့်ခြင်း၊ ချီးကျူးစကားများနှင့် တိုင်ကြားချက်များကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှု့အပေါ် ဧည့်သည်များ၏ စိတ်ကျေနပ်မှု့ကိုသိရှိနိုင်ပါသည်။
လူ့အင်အားအရင်းအမြစ်များ
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝန်ထမ်းများအတွက် အခွင့်အလမ်းများဖန်တီးပေးကာ လူမှုအသိုင်းအဝိုင်းများတိုးတက်စေရန်နှင့် သင့်လျော်သောသင်တန်းများကို ပံ့ပိုးပေးထားပြီး နည်းပညာများကို သိရှိနားလည်စေပါသည်။ ကျွန်ုပ်တို့သည် ဝန်ထမ်းအသစ်များအားလုံးအတွက် လမ်းညွှန်သင်တန်းများ ပို့ချပေးနေပြီး ၎င်းတို့၏အခွင့်အရေးနှင့် တာဝန်များကို သိရှိနားလည်စေပါသည်။ မတူညီသောနယ်ပယ်အသီးသီးမှ လာကြသောသူများဖြစ်ကြသော်လည်း ကျွန်ုပ်တို့၏လုပ်ငန်းအောင်မြင်မှုရရန်အတွက် မတူညီသောအခန်းကဏ္ဍမှ ကူညီပံ့ပိုးပေးနေပြီး စွမ်းဆောင်ရည်ရှိသောသူများ လဲဖြစ်ကြပါသည်။ ကျွန်ုပ်တို့သည် အဖွဲ့လိုက်လုပ်ဆောင်မှု၊ တစ်ဦးချင်းစီ၏တာဝန်ယူမှု့နှင့် ဝန်ထမ်းတစ်ဦးစီ၏စွမ်းဆောင်နိုင် မှုကို ပံ့ပိုးကူညီပေးပါသည်။
  • ပိုမိုကောင်းမွန်သောဝန်ဆောင်မှု့ပေးအပ်နိူင်ရန် စံနှုန်းများသတ်မှတ်ထားရှိခြင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှု့ ဖွံ့ဖြိုးတိုးတက်စေရန် စီစဉ်ဆောင်ရွက်ထားခြင်း အပြင် ပြင်ပအဖွဲ့စည်းများနှင့် ပူးပေါင်း၍ သင်တန်းများပို့ချပြီး ဒေသခံဝန်ထမ်းဝန်ထမ်းများ၏ အလုပ်ကိုင်အခွင့်အလမ်း စွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှု့များကိုမြင့်တင်ပေးပြီး ဝန်ဆောင်မှု့များ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ထားပါသည်။
သဘာဝပတ်ဝန်းကျင်
ကျွန်ုပ်တို့သည် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ကဏ္ဍများ အတွက် အနာဂတ်တွင် ပိုမိုကောင်းမွန်သောပတ်ဝန်းကျင်ကို ပံ့ပိုးပေးနိုင်ပြီး ကျင့်ဝတ်သိက္ခာနှင့်တာဝန်ယူမှု့ရှိသောစီးပွားရေးလုပ်ငန်းအဖွဲ့တစ်ခု ဖြစ်လာစေရန်ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့သည်သိသာထင်ရှားသော သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ ဖြစ်ပေါ်လာနိုင်သောတာ၀န်ယူမှုများကို လုပ်ဆောင်ရန် နိုင်ငံတော်အဆင့်၊ဒေသအဆင့် သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ ဉပဒေများ၊ အမိန့်များနှင့်နည်းဉပဒေများကိုလဲ လိုက်နာဆောင်ရွက်ရန် တာ၀န်ရှိပါသည်။ ဝန်ထမ်းများအားလုံးသည် ဘေးကင်းလုံခြုံရေးဆိုင်ရာမူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို ပူးပေါင်းလိုက်နာဆောင်ရွက်၍ သန့်ရှင်းပြီးကျန်မာရေးနှင့်ညီညွတ်သော အလုပ်ခွင်တစ်ခုဖြစ်စေရန် ကျွန်ုပ်တို့ ဆန္ဒရှိပါသည်။
  • သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက် မူဘောင်များအတွင်းမှ လိုက်နာလုပ်ကိုင်ဆောင်ရွက်၍ ပတ်ဝန်းကျင်ကို ကာကွယ်ရန် ခိုင်မာသည့် ကျွန်ုပ်တို့၏သံန္နှိဌာန် နှင့် ကုမ္ပဏီ၏ လူမှုတာဝန် ထမ်းရွက်မှု လုပ်ရပ်များ (corporate social responsibility) ကို တာဝန်သိစွာဖြင့် အထူးအလေးထား ထမ်းရွက်မှုများ ကလည်း ကျွန်ုပ်တို့ ကုန်အမှတ်တံဆိပ်၏ ပုံရိပ်နှင့် ဂုဏ်သတင်းကျော်ဇော်မှုကို များစွာအထောက်အကူဖြစ်စေပါသည်။
  • သဘာဝပတ်ဝန်းကျင်ပေါ်တွင် မှီတည်နေသည့် လုပ်ငန်းဖြစ်သည့်အားလျော်စွာ ပတ်ဝန်းကျင်ညစ်ညမ်းမှု့ကို တတ်နိုင်သမျှလျော့ချရန် ရည်ရွယ်၍ ပလက်စတစ်သုံးစွဲမှု့ကိုလျော့ချ၍ သဘာဝပစ္စည်းများကို အသုံးပြုခြင်း၊ လျှပ်စစ်စွမ်းအားသုံးစွဲမှု့ကို တတ်နိုင်သမျှလျှော့ချခြင်း၊ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ခြင်း၊ ရေဆိုးများကို သန့်စင်၍ သင့်တော်သောနေရာများတွင် ပြန်လည်အသုံးပြုခြင်းဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု့ကိုလျော့ကျစေပါသည်။