ငပလီကမ်းခြေ၏အချက်အချာကျရာ မြေဧကအကျယ်အဝန်း (၇)ဧကပေါ်တွင်တည်ရှိပြီး၊ Luxurious Grand Cabana Seaview (multi-tiered bungalow), Cabana Cottage (two-storey beach bungalow), Fully furnished Deluxe နှင့် Superior ဟူ၍ အခန်းအမျိုးအစား (၄)မျိုး၊ အခန်းပေါင်း (၉၂)ခန်းရှိသည့်အပြင် ရေကူးကန်၊ Restaurant, Bar, Spa တို့ပါရှိပြီး ငပလီကမ်းခြေရှိ ဟိုတယ်များထဲတွင် အကြီးဆုံးဟိုတယ်တစ်ခုဖြစ်သည်။
ပုဂံမြို့သစ်၏အချက်အချာကျရာ မြေဧကအကျယ်အဝန်း (၇)ဧကကျော်ပေါ်တွင်တည်ရှိပြီး၊ အခန်းပေါင်း (၁၈၆)ခန်းတွင် Royal Deluxe အမျိုးအစား (၁၂၂)ခန်းကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့ပြီး၊ သာယာလှပပြီး ကျယ်ဝန်းသော ရေကူးကန်၊ Restaurant, Bar, Spa တို့ ပါဝင်သောကြောင့် ပုဂံရှိဟိုတယ်များထဲတွင် အကြီးဆုံးဟိုတယ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။
အင်းလေးကန်အတွင်း Sightseeing သွားလာသောနေရာများနှင့် အနီးဆုံးနေရာတွင်တည်ရှိသော မြေဧကအကျယ်အဝန်း (၁၇)ဧကပေါ်တွင်တည်ရှိပြီး၊ Luxury Villa အခန်းအမျိုးအစား (၂၀)ခန်း၊ Deluxe အခန်းအမျိုးအစား (၆၂)ခန်း၊ Standard အခန်းအမျိုးအစား (၁၄)ခန်း၊ Deluxe Suite အခန်းအမျိုးအစား (၂)ခန်းနှင့် Royal Deluxe အမျိုးအစား (၉၃)ခန်း၊ စုစုပေါင်း (၁၉၁)ခန်းရှိပြီး ရေကူးကန်၊ Restaurant, Bar, Spa တို့ပါဝင်ကာ အင်းလေးကန်တွင်းရှိဟိုတယ်များထဲတွင် အကြီးဆုံးဟိုတယ်တစ်ခုဖြစ်သည်။
ပုဂံမြို့သစ်နှင့်မြို့ဟောင်းကြား ရှေးဟောင်းတန်ခိုးကြီးစေတီများစွာအား အချိန်အနည်းငယ်အတွင်း သွားရောက်ဖူးမျှော်နိုင်သည့် အချက်အချာကျရာတွင်တည်ရှိပြီး၊ အခန်း (၃၃)ခန်း၊ စိမ်းစိုစွာဖြင့် အပင်ရိပ်ကောင်းလှသော ဥယျာဉ်၊ ရေကူးကန်၊ Meeting Room, Restaurant, Bar, Spa ပါရှိကာ Boutique Style ဟိုတယ်တစ်ခုဖြစ်သည်။
My Hpa-An Residence by Amata သည် မြေဧကအကျယ်အဝန်း (၁၂)ဧကရှိပြီး ဇွဲကပင်တောင်ခြေတွင် တည်ရှိပါသည်။ သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်သော စနစ်၊ တည်ဆောက်မှုပစ္စည်းများ အသုံးပြုထားကာ ခေတ်မှီဆန်းသစ်မှုနှင့် အပန်းဖြေနိုင်ရန်ရည်ရွယ်၍ ဒီဇိုင်းထုတ်ထားပြီး၊ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားပါသည်။ Villa (၅၀)ခန်း ပါဝင်မည်ဖြစ်ပြီး အခန်း (၂၀)ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ ရေကူးကန်၊ Meeting Room, Restaurant, Bar, Spa တို့ ပါရှိကာ Boutique Style ဟိုတယ်တစ်ခု ဖြစ်လာမည်ဖြစ်ပါသည်။
Oriental Ballooning, Myanmar သည် လက်ရှိတွင် ပုဂံ၊ အင်းလေး၊ မန္တလေးနှင့် ငပလီတို့တွင် ပျံသန်းလျက်ရှိပြီး၊ မီးပုံးပျံစီးနင်းခြင်းသည် ကမ္ဘာလှည့်ခရီးသွားများ အထူးကြိုက်နှစ်သက်စွာဖြင့် မြန်မာနိုင်ငံသို့လာရောက်ရင်းပြုလုပ်ကြသော Tour Activity များထဲမှ နာမည်အကြီးဆုံး Tour Activity တစ်ခုဖြစ်သည်။