Message from Chairman


U Win Aung

၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်တွင် အမတဟိုးလ်ဒင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (အမတလုပ်ငန်းစု) ၏ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ဆောင်မှု ကဏ္ဍသည် လွန်ခဲ့သောနှစ်များအတွင်း ဖြစ်ပွားခဲ့သော ရာသီဥတုပြောင်းလဲမှုများ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု နှင့် မြန်မာနိူင်ငံတွင်း ဖြစ်ပွားနေသော ပြောင်းလဲမှုများကြောင့် စီးပွားရေးတိုးတက်မှုကို များစွာ အဟန့်အတား ဖြစ်စေခဲ့ပြီး၊ လုပ်ငန်းစု၏ စီးပွားရေးလုပ်ငန်းများ၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်ခြင်း ရလာဒ်များ၊ ဘဏ္ဍာရေးအခြေအနေများအပေါ် များစွာ အကျိုးသက်ရောက်စေခဲ့ကြောင်း တင်ပြလိုပါသည်။

၂၀၂၃-၂၀၂၄ ခုနှစ်၏ ဘဏ္ဍာရေးရလာဒ်များမှာ ခရီးသွားဧည့်သည်ဝင်ရောက်မှုနှင့် ခရီးသွားလာမှုနည်းပါး သောကြောင့် လုပ်ငန်းစု၏ တစ်နှစ်အတွင်းဝင်ငွေသည် ၂၀၂၂-၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်း လျော့ကျမှု ဖြစ်ပေါ်ခဲ့ပါသည်။အဆိုပါ အကျိုးသက်ရောက်မှုများကြောင့် လုပ်ငန်းလည်ပတ်‌ဆောက်ရွက်ရာတွင် အကောင်းဆုံးအခြေအနေ ဖြစ်စေရန်အတွက် လျှပ်စစ်မီး၊ ရေ၊ လျှပ်စစ်ဓာတ်အားအသုံးစရိတ်နှင့် လုပ်ငန်းလည်ပတ်စရိတ်များ၊ အသုံးစရိတ်များကို စရိတ်လျော့ချရေး အစီအမံများဖြင့် အနိမ့်ဆုံးဖြစ်စေရန် ဆောင်ရွက်ထားပါသည်။

လုပ်ငန်းစု၏ အနာဂတ်စီးပွားရေး တည်တံ့ခိုင်မြဲစေရန်နှင့် ရေရှည်ရပ်တည်နိုင်မှုအတွက် ဘုတ်အဖွဲ့သည် အောက်ပါ ဆောက်ရွက်ချက်များကို ဆောက်ရွက်ခဲ့ပါသည်။

  • “My Hpa-An Residence by Amata” လုပ်ငန်းကို ရောင်းချခြင်း၊
  • ကာလရှည်နိုင်ငံခြားချေးငွေ၏ အတိုးနှင့် အရင်း ပြန်လည်ပေးဆပ်မှုအား ရွှေ့ဆိုင်းရန် ညှိနှိုင်းထားခြင်း။

ခြုံ၍ပြောရလျှင် အမတလုပ်ငန်းစုသည် ၅ နှစ် ဆက်တိုက်အတွင်း စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်း လည်ပတ်ဆောင်ရွက်သည့်အဖွဲ့တို့၏ ယခင်အတွေ့အကြုံများပေါ် အခြေခံ၍ အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး၊ လုပ်ငန်းကို ဆက်လက်ရပ်တည်၍ စိန်ခေါ်မှုများကို ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ခဲ့ပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ ဘုတ်အဖွဲ့နှင့် စီမံခန့်ခွဲမှုအဖွဲ့တို့သည် စားသုံးသူတို့၏ ကြိုက်နှစ်သက်မှုနှင့် စျေးကွက် အခြေအနေများကို ကောင်းစွာ နားလည်သဘောပေါက်ကြပြီး၊ ကုမ္ပဏီသည် မှန်ကန်သော စျေးကွက် အခြေအနေများကို အဓိကပစ်မှတ်ထားခြင်းဖြင့် ပြုပြင်ပြောင်းလဲမှုများကို လိုက်လျောညီထွေဖြစ်စေရန် လိုအပ်သော အစီအမံများကို ဆောင်ရွက်ခဲ့ပါသည်။

နိဂုံးချုပ်အနေဖြင့် ကျွန်ုပ်တို့၏ အမတဟိုးလ်ဒင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အရည်အချင်း နှင့် စွမ်းဆာင်ရည်များကို ယုံကြည်ပြီး အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးခဲ့သော ကျွန်တော်တို့၏ နှစ်ရှည် လက်တွဲလာခဲ့သော မဟာမိတ်ဖက်များ၊ ဝန်ထမ်းများ၊ ခေါင်းဆောင်အဖွဲ့များနှင့် အထူးသဖြင့် Amata Holding Public Company Limited ရှယ်ယာရှင်များ တစ်ယောက်ချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။

ဝင်းအောင်
ဥက္ကဌ

အမတဟိုးလ်ဒင်း အများပိုင်ကုမ္ပဏီလီမိတက်

Dear our valued shareholders,

We would like to introduce Amata Holding Public Company Limited’s Annual Report for the fiscal year ended 31 March 2024. Over the past years, events beyond our control such as climate changes, the residual effects of the COVID-19 pandemic, and recent changes in Myanmar were hampering the economic growth of travel, tourism and hospitality sector of Amata Group and also the Group’s business, results of operations, liquidity and financial position were adversely affected.

Therefore, we reported financial results in fiscal year 2023-2024 as low demand for travel and tourism industry and full year group revenue decreased 26 percent compared to that of 2022-2023.

To minimize the impact of the above mentioned, we have done a cost savings plan in which utilities costs and operations costs and expenses are kept at a minimum for optimum operational efficiency.

Also Boards of Directors and management are moving forward on the sustainability group business, group take below necessary action on over the past year.

  • Sale of business “My Hpa-An Residence by Amata”
  • Request waiver for the interest due of long term foreign currency loan.

All in all, Amata Group has been able to adapt to the situations based on the past experience of the group management and operation team, and has successfully overcome the challenges and continue the business for the fifth consecutive year. In addition, our Board and management understand that consumer preference and markets are expected to change as a result, and the Company has taken necessary measures to adapt to the changes accordingly by targeting the right market segments.

Finally, we would like to express our heartfelt gratitude to our long-term partners, employees, management teams and especially each and every shareholder of the company for their unfailing support, continued trust and confidence in Amata Holding Public Company Limited.

Thank you and sincerely,

Win Aung
Chairman

Amata Holding Public Company Limited