Dematerialization Process - Cut Off Date Announcement

17 May 2021


Dematerialization Process - Cut Off Date Announcement

လူကြီးမင်းတို့၏ လက်ဝယ် ကိုင်ဆောင်ထားသော ကျွန်ုတို့ကုမ္ပဏီ၏ အစုရှယ်ယာလက်မှတ်များကို အီလက်ထရောနစ်ပုံစံသို့ ပြောင်းလဲမှတ်တမ်းတင်ခြင်းလုပ်ငန်းစဥ် (Dematerialization Process) အား ၂၀၂၁ ခုနှစ်၊ မေလ ၆ ရက်နေ့မှစ၍ ပြန်လည်ဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာခဲ့ပြီး ဖြစ်ပါသည်။ ရန်ကုန်စတော့အိတ်ချိန်း၌ ကျွန်ုတို့ကုမ္ပဏီ စာရင်းဝင်ဖြစ်သည့်နေ့မှစတင်ကာ ကျွန်ုတို့ကုမ္ပဏီ၏ အစုရှယ်ယာများအား လွယ်ကူချောမွေ့စွာ အရောင်းအဝယ်ပြုလုပ်နိုင်ရန်အတွက် နှစ်သက်ရာငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများထံတွင် ၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက်နေ့ကို နောက်ဆုံးထား၍ Dematerialization Process အား ဆောင်ရွက်ကြပါရန် ထပ်မံအသိပေး အကြောင်းကြားအပ်ပါသည်။


လေးစားစွာဖြင့်
ဦးဝင်းအောင် (Chairman)
အမတဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်