Amata Holding Public Co., Ltd ၏ Public Offering တွင် မှတ်သားဖွယ်ရာများ

25 Aug 2018


Amata Holding Public Co., Ltd ၏ Public Offering တွင် မှတ်သားဖွယ်ရာများ
  • Amata Group အနေဖြင့် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ ခွင့်ပြုချက်ရရှိရန် တည်ဆဲဥပဒေများ၊ တင်းကြပ်သောစစ်ဆေးမှုအဆင့်ဆင့်ကို ခံယူခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၈ရက်နေ့တွင် တရားဝင်ခွင့်ပြုချက်ရရှိခဲ့သော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။
  • Amata Hotel Group သည် အလယ်အလတ်အဆင့်နှင့် အဆင်မြင့်ဟိုတယ်များ၊ မီးပုံးပျံလုပ်ငန်းများကို လည်ပတ်နေပြီး မြန်မာနိုင်ငံအတွင်း ဦးဆောင်လျက်ရှိသော အတွေ့အကြုံ ၁၅နှစ်ကျော်ရှိ အမြတ်အစွန်းများရရှိနေသော ဟိုတယ်လုပ်ငန်းအုပ်စုတစ်ခုဖြစ်သည်။
  • အများပိုင်ကုမ္ပဏီအောက်ရှိ ဟိုတယ်လုပ်ငန်းများအပြင် ခရီးသွားလုပ်ငန်း၏ ဆက်စပ်လုပ်ငန်းများဖြစ်သော ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ စားသောက်ဆိုင်နှင့် အဖျော်ယမကာရောင်းချခြင်းလုပ်ငန်း၊ Spa & Wellness Center များဖွင့်လှစ်ခြင်းများအား တိုးချဲ့လုပ်ကိုင်၍ ၃နှစ်မှ ၅နှစ်အတွင်း မြန်မာနိုင်ငံ၏ အကြီးဆုံးခရီးသွားလုပ်ငန်းကုမ္ပဏီအုပ်စုတစ်ခုဖြစ်လာရန် မျှော်မှန်းဆောင်ရွက်နေသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။
  • ကုမ္ပဏီ၏အောင်မြင်လျက်ရှိသော ဟိုတယ်လုပ်ငန်း၏အားသာချက်ကိုရယူ၍ ပြည်ပခရီးသည်များသာမက ပြည်တွင်းခရီးသည်များပါ တည်းခိုနိုင်မည့် ဈေးနှုန်းသက်သာသည့် တန်ဖိုးနည်းဟိုတယ် (Budget Hotel) ၅ခုအား Awinka အမည်ဖြင့် (၂)နှစ်အတွင်း တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
  • ကုမ္ပဏီ၏လုပ်ငန်းခွဲတစ်ခုဖြစ်သော မြန်မာ့မီးပုံးပျံကုမ္ပဏီ (Myanmar Ballooning Co., Ltd) မှ လွန်ခဲ့သော ၃နှစ်အတွင်း USD 900,000 ကျော်အား အမြတ်ဝေစုအဖြစ် တွက်ပေးခဲ့ပါသည်။ နောင်တွင်လည်း ဆက်လက်တိုးမြှင့်ပေးနိုင်မည်ဟု မျှော်လင့်ပါသည်။